back

သင်္ကြန်ပြီး ပြည်တွင်းအမဲသားဈေးများ ဈေးမြင့်တက်လာ

Apr 18 • 6:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သင်္ကြန်ပြီး ပြည်တွင်းအမဲသားဈေးများ ဈေးမြင့်တက်လာ

သင်္ကြန်ကာလအပြီး အသားဈေးများ မြင့်တက်လာခြင်းနှင့်အတူအမဲလိုင်းသား တစ်ဆယ်သား ၃,၃၀၀ ကျပ်နှင့်အထက်ဈေးဖြစ်လာပြီး အမဲဘေလုံးသား၊ အမဲဘို့သား အစ ရှိသည့် အသားများလည်း တစ်...

သင်္ကြန်ကာလအပြီး အသားဈေးများ မြင့်တက်လာခြင်းနှင့်အတူအမဲလိုင်းသား တစ်ဆယ်သား ၃,၃၀၀ ကျပ်နှင့်အထက်ဈေးဖြစ်လာပြီး အမဲဘေလုံးသား၊ အမဲဘို့သား အစ ရှိသည့် အသားများလည်း တစ်ဆယ်သား ၃,၀၀၀ ကျပ်ဈေးနှင့် အထက်ဖြစ်လာသည်။ အမဲအသည်း၊ အမဲကလီစာ ၊ အမဲအူကြမ်းဈေးနှုန်းများလည်း တစ်ဆယ်သား ၂,၅၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများ ဖြစ်လာသည်။ အမဲသားဈေးများသည် ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလဆန်းများအထိ တစ်ဆယ်သား ၂,၇၀၀- ၂,၈၀၀ ကျပ် ဝန်းကျင်တွင်သာ ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 




news-view-count-icon

53