မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒါဏ်ကိုပြင်းထန်စွာခံလိုက်ရတဲ့ နေပြည် တော်၊ ဥတ္တရသီရိဆေးရုံကြီးမှာ
ဆေးရုံကြီးသုံးထပ်အဆောက်ဦးရဲ့ အောက်ဆုံးအထပ်ဟာ မြေကြီးထဲအထိ နစ်ဝင်သွားခဲ့ပြီး နှစ်ထပ်သာကျန်တော့တာပါ။ဆေးရုံပြိုကျမှုမှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်တဲ့ လူနာ၊ ဆေးရုံစောင့်၊ ဆရာဝန်၊ သူနာပြုတွေ ရှိသလို သေဆုံးသူလည်း အနည်းဆုံး ၈၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံနေရာမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် တာရပ်ဆိုင်းလိုက်ပြီးနောက် အခုလိုအပြီးသတ်ဖြိုချနေတာလို့သိရပါတယ်။



