back

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများ၆ လအတွင်းရုံးများ ပြန်ဆောက်မည်ဟုဆို

Apr 18 • 5:50 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများ၆ လအတွင်းရုံးများ ပြန်ဆောက်မည်ဟုဆို

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီ ပြောင်းရ...

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီ ပြောင်းရွှေ့လာပြီဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းကအတည်ပြုပြောဆိုသည်။ ထိုပြင် နေပြည်တော်တွင် ဝန်ကြီးရုံး ပျက်စီးနေသော ဝန်ကြီးဌာနတချို့လည်း မကြာမီ ရန်ကုန်ရှိ နောက်ချန်ရုံးများနှင့်ပူးတွဲ အလုပ်လုပ်ရမည်ဖြစ်ပြီး ယင်းသို့ ရန်ကုန်သို့ ပြောင်းရွှေ့ခြင်းမှာ ရန်ကုန်သို့ အုပ်ချုပ်ရေး မြို့တော် ပြောင်း ရွှေ့ခြင်းမဟုတ်ဘဲ ရုံးများ ပြင်ဆင်တည်ဆောက်နေသည့်ကာလအတွင်း ယာယီ ရုံးအထိုင် ပြောင်းရွှေ့ခြင်းသာ ဖြစ်ကြောင်း၊ ပျက်စီးနေသော ဝန်ကြီးဌာနရုံးများ ပြန်လည် တည်ဆောက်ပြီးစီးပါက ဝန်ထမ်းအားလုံး နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ 



news-view-count-icon

13