ငလျင်ဒဏ်ကြောင့် စာသင်ကျောင်း (၂,၀၀၀) နီးပါး ထိခိုက်ပျက်စီးခဲ့ရပြီး ကျောင်းအများစုကိုလည်း အရာအားလုံး ဆုံးရှုံးခဲ့ကြရသည့် မိသားစုများအတွက် ယာယီ ခိုလှုစရာ နေရာအဖြစ် ပြောင်းလဲ အသုံးပြုနေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထိုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲံများသည် ထိခိုက်မှု အပြင်းထန်ဆုံးထဲက ကလေး (၁၁၀,၀၀၀)အတွက် အကူအညီများ ပေးအပ်ရန် ဆောင်ရွက်နေပြီး ဘေးကင်းသည့် သင်ကြားရေးနေရာ၊ ဆရာ/ဆရာမများအတွက် သင်တန်းနှင့်အဓိကလိုအပ်သည့် သင်ကြားရေး ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



