အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)သည် လာမည့် မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်နာမည်ကြီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲအတွက် ASEAN-All Stars အသင်း လူစာရင်းတွင် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်အား ရွေးချယ်ခဲ့ကြောင်း AFF ကမြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့သည်။ မောင်မောင်လွင်သည် လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ကစားနေပြီး ထိုင်းပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC တွင်လည်း ပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြ ကစားနေခြင်းကြောင့် ASEAN All-Stars အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်းဖြစ်ကြောင်း AFF က ထုတ်ပြန်ခဲ့သည်။ ASEAN All-Stars အသင်း နည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်းနည်းပြ Mr. Kim Sang-Sik က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
မန်ယူနိုက်တက်အသင်းနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင် မြန်မာ့လက်ရွေးစင်မောင်မောင်လွင် ရွေးချယ်ခံရ
Apr 17 • 4:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
12 | 0 | 0 | 0 |