back

ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့လာ

Apr 17 • 3:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့လာ

နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်...

နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ် ကသဝဏ်လွှာပေးပို့ရာတွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်ကိုကြားသိရ၍ ဝမ်းနည်းကြေကွဲမိကာ မြန်မာနိုင်ငံအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့သည့် အဖြစ်ဆိုးကြီးအတွက် မိမိမှအထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု ရေးသားထားသည်။

news-view-count-icon

31