မကွေးမြို့၊ ကမ်းနားလမ်းမှာပြုလုပ်ထားတဲ့ လမ်းလျှောက်သင်္ကြန်မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့မနက်ပိုင်း မှာ လာရောက်လည်ပတ် ရေကစားသူတွေ၊ စတုဒိသာကျွေးမွေးသူတွေ များပြားတာကို တွေ့ရပါတယ်။ မကွေးမြို့ လမ်းလျှောက်သင်္ကြန်မှာ အပျော်အပါး သီဆိုကခုန်မှုတွေမပါဝင်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အညီပဲ ရေပက်ဆော့ ကစားကြတာဖြစ်ပါတယ်။စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေအနေနဲ့ ထမင်းနဲ့ဟင်း၊ ကြာဇံဟင်းခါး၊ အချိုရည်တွေ ကျွေးမွေးလှူဒါန်းတာကို လည်း တွေ့ရပါတယ်။ မကွေးမြို့တွင်းလမ်းမကြီးတွေပေါ်မှာတော့ ကလေးသူငယ်တွေ၊ လူငယ်တွေက ရေပုံး၊ ရေခွက်တွေနဲ့ ရေပက်ဆော့ကစားကြပြီး စတုဒိသာတွေလည်း ကျွေးမွေးလှူဒါန်းကြတယ်လို့ သိရပါတယ်။
| 30 | 0 | 0 | 0 |


