ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိကြောင်း သိရသည်။သင်္ကြန်ကာလမရောက်မီ အကြိုရက်များကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းပြည့်သည့်အပြင် ရပ်ကွက်အတွင်းရှိ လုံးခြင်းအိမ်ငှားတည်းခိုလို့ရသည့် နေရာများသည်လည်း ပြည့်နေကြောင်း သိရသည်။



