ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မှကျိုင်းတုံသွားကားလမ်းတွင် ဧပြီလ ၁၅ရက်က ကားတစ်စီး အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်း နလုံးလှပိုင်ရှင်ပရဟိအသင်းထံက သိရသည်။တာချီလိတ်မှ ကျိုင်းတုံသွားကားလမ်းပေါ်ရှိ မိုင်းဖြတ်အနီး ၃၁မိုင်တွင် Crown royalsloon အမျိုးအစား အိမ်စီးမော်တော်ယာဉ်မှာ ဆီတိုင်ကီအဖုံးမလုံမှု၊ အင်ဂျင်ပူလွန်ကဲမှုဖြစ်၍ကားမီးလောင်းကျွမ်းခဲ့ကြောင်းသိရသည်။ယာဥ်ပေါ်ပါ ကလေး ၄ဦး၊ လူကြီး၃ဦး စုစုပေါင်း၇ဦးမှာ မည်သူမျှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သွားရောက်ကူ ညီခဲ့သည့် နလုံးလှပိုင်ရှင်ပရဟိတအသင်းထံမှ သိရသည်။



