back

သင်္ကြန်ကာလအတွင်းမြန်မာပြည်တွင်းကြက်ဥ၊ ဘဲဥဈေးနှုန်းများ အလွန်မြင့်တက်လာ

Apr 16 • 6:16 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သင်္ကြန်ကာလအတွင်းမြန်မာပြည်တွင်းကြက်ဥ၊ ဘဲဥဈေးနှုန်းများ အလွန်မြင့်တက်လာ

သင်္ကြန်ရက်မတိုင်မီကတည်းက တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာသော ကြက်ဥ၊ ဘဲဥ ဈေးများသည် သင်္ကြန်ကာလအတွင်း ပိုမိုမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကြက်ဥတစ်လုံ...

သင်္ကြန်ရက်မတိုင်မီကတည်းက တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာသော ကြက်ဥ၊ ဘဲဥ ဈေးများသည် သင်္ကြန်ကာလအတွင်း ပိုမိုမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကြက်ဥတစ်လုံး ၄၀၀ ကျပ်တန် မရှိတော့ဘဲ ကြက်ဥတစ်လုံး ၄၆၀ ကျပ်၊ ၄၈၀ ကျပ်၊ ၅၀၀ ကျပ်၊ ၅၅၀ ကျပ်နှင့် ကြက်ဥတစ်လုံး ၆၀၀ ကျပ်ဈေးအထိ ဈေးနှုန်းများ မြင့်တက်လာသည်။ ဘဲဥဈေးနှုန်းများလည်း တစ်လုံး ၅၅၀ ကျပ်တန်က အသေးဆုံးအလုံးဖြစ်လာပြီး ဘဲဥတစ်လုံး ၅၅၀ ကျပ်၊ ၆၀၀ ကျပ်၊ ၆၅၀ ကျပ်နှင့်အထက် ဈေးနှုန်းများအထိ မြင့်တက်လာကြောင်း သိရသည်။ ဆေးဘဲဥ တစ်လုံး ၉၀၀ ကျပ်၊ ငုံဥ ၁၀ လုံး ၁၂၀၀ ကျပ်နှင့်အထက် ဈေးနှုန်းတို့ဖြင့် ဈေးမြင့်တက်လာသည်။

news-view-count-icon

24