back

စစ်ပွဲကြောင့် သေဆုံးမှုတွေမှာ ယူကရိန်း သမ္မတ ဇီလန်စကီးလည်း အပြစ်မကင်းဘူးလို့ ထရမ့်စွပ်စွဲ

Apr 15 • 9:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

စစ်ပွဲကြောင့် သေဆုံးမှုတွေမှာ ယူကရိန်း သမ္မတ ဇီလန်စကီးလည်း အပြစ်မကင်းဘူးလို့ ထရမ့်စွပ်စွဲ

စစ်ပွဲကြောင့် ယူကရိန်း ပြည်သူတွေ သေဆုံးနေမှုမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်လည်း အပြစ်မကင်းဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားသွား...

စစ်ပွဲကြောင့် ယူကရိန်း ပြည်သူတွေ သေဆုံးနေမှုမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်လည်း အပြစ်မကင်းဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားသွားပါတယ်။ မတ်လ ၁၃ ရက်နေ့တုန်းက ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ဆူမီမြို့မှာ လူ ၃၅ ဦးသေပြီး ၁၁၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး ထရမ့်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်းက ခုခံနေတာ ဖြစ်ပေမယ့် ထရမ့်ကတော့ အရင် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့အတူ ဇီလန်စကီးဟာ စစ်ပွဲကို အစပြုဖို့ လှုံဆော်ခဲ့တာလို့ စွပ်စွဲသွားတာပါ။ စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ အမေရိကန်က ကြားဝင် စေ့စပ်ပေးနေချိန်မှာ ရုရှားရဲ့ အခုလို ဒုံးကျည် တိုက်ခိုက်ခဲ့မှုအပေါ် အနောက်မဟာမိတ် နိုင်ငံတွေက ရှုတ်ချခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

news-view-count-icon

53