back

လာမည်ဆွေးနွေးပွဲတွင် ဒဏ်ခတ်ပိတ်ဆို့မှုရုတ်သိမ်းရေးနှင့်နျူကလီးယားအရေးကိုသာ အီရန်အာရုံစိုက်မည်

Apr 15 • 9:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာမည်ဆွေးနွေးပွဲတွင် ဒဏ်ခတ်ပိတ်ဆို့မှုရုတ်သိမ်းရေးနှင့်နျူကလီးယားအရေးကိုသာ အီရန်အာရုံစိုက်မည်

ဧပြီ ၁၄ ရက် သတင်းအရ လာမည့် သီတင်းပတ်ကုန်တွင် အမေရိကန်နှင့် စီစဉ်ထားသော ဆွေးနွေးပွဲများတွင် အိုမန်သည် သွယ်ဝိုက် ဖျန်ဖြေရေးနည်းဖြင့် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အီရ...

ဧပြီ ၁၄ ရက် သတင်းအရ လာမည့် သီတင်းပတ်ကုန်တွင် အမေရိကန်နှင့် စီစဉ်ထားသော ဆွေးနွေးပွဲများတွင် အိုမန်သည် သွယ်ဝိုက် ဖျန်ဖြေရေးနည်းဖြင့် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြော ကြားခဲ့ပြီး နျူကလီးယားအရေးနှင့် ပိတ်ဆို့မှုများ ရုတ်သိမ်းရေးတို့ကိုသာ အာရုံစိုက်မည်ဖြစ်ကြောင်း Digitaljournal သတင်းက ဆိုသည်။ ဆွေးနွေးမှုကို ခုနစ်ရက်အတွင်း ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။ ဆွေးနွေးပွဲများတွင် "နျူကလီးယားပြဿနာနှင့် ပိတ်ဆို့မှုများ ရုတ်သိမ်းရေး" ကိုသာ အာရုံစိုက်မည် ဖြစ် ပြီး အီရန်သည် အခြားကိစ္စရပ်အတွက် အမေရိကန်နှင့် ဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

news-view-count-icon

42