ဧပြီလ ၁၅ရက်နေ့ သတင်း အရ အင်းလေးဒေသ ငလျင်ဘေးသင့်ကူဖို့ ကိုယ့်ကိုယ်ကိုယ် လေလံဆွဲခဲ့တဲ့ ကျော်ကျော်ဗိုကို လီဗာပူးအသင်း Fan တစ်ဦးက ကျပ် ၉၂ သိန်းနဲ့ လေလံအောင်မြင်ခဲ့တာကြောင့် ဒီငွေကနေ နေအိမ် ၂လုံးဆောက်လုပ်လှူဒါန်းပေးမှာလည်းဖြစ်ပါတယ်။“လေလံပွဲလေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီခင်ဗျာ။ အင်းလေးဒေသက အိမ်နှစ်လုံး ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။ ကျွန်တော့်၏ လေလံပွဲသို့ စေတနာအပြည့်နဲ့ လှုဒါန်းပေးနိုင်ဖို့ ဝင်ရောက်အားဖြည့် လေလံဆွဲပေးကြသူတွေကိုလည်း ချစ်ခင်စွာနဲ့ ကျေးဇူးအများကြီးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ပါရစေခင်ဗျာ”လို့ သရုပ်ဆောင် ကျော်ကျော်ဗိုက ပရိသတ်ကို အသိပေးလာပါတယ်။ 
အင်းလေးဒေသ ငလျင်ဘေးသင့်ကူဖို့ ကိုယ့်ကိုယ်ကိုယ် လေလံဆွဲခဲ့တဲ့ ကျော်ကျော်ဗိုကို လီဗာပူးအသင်း Fan တစ်ဦးက ၉၂ သိန်းနဲ့ လေလံအောင်မြင်ခဲ့၍ အင်းလေးတွင်နေအိမ် ၂ လုံး ဆောက်လုပ်လှူဒါန်းပေးသွားမည်
Apr 15 • 8:06 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |

မန္တလေးတွင် ငလျင်ဘေးပြန်လည်ထူထောင်ရေးများဆောင်ရွက်ရန် ရန်ကုန် ကုလသမဂ္ဂရုံးက အင်ဂျင်နီယာ (၅)ဦး အလုပ်ခေါ်ယူ
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၁၅-၄-၂၀၂၅)နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

