ဧပြီ ၁၅ ရက် သတင်းအရ အသားဟင်းလျာများတွင် ဝက်သားကို စားသုံးသူများကြရာ အလှူအတန်းများသော ယခုကာလ၌ ဝက်သားဈေးများ မြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဝက်ပေါင်သားနှင့် သုံးထပ်သား တစ်ဆယ်သား ၃၅၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများဖြင့် မြင့်တက်လျက် ရှိသည်။ ဝက်ဂုတ်သားနှင့် ဝက်လက်ဈေးနှုန်းများကလည်း ၃၂၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများဖြင့် မြင့်တက်လာ ပြီး ဝက်နံရိုးက တစ်ဆယ်သား ၂၈၀၀ ကျပ်နှင့်အထက် ဈေးနှုန်းရှိသည်။
သင်္ကြန်မတိုင်မီတစ်ပတ်က ဝက်ပေါင်သားနှင့်ဝက်သားသုံးထပ်သား တစ်ဆယ်သား ၃၃၀၀ ကျပ်ဈေးဖြင့် ဈေးကျခဲ့ပြီး သင်္ကြန်ရက်အတွင်း ဝက်သားဈေးများ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။


