ဧပြီလ ၁၄ ရက် သတင်း အရရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့မှာဧပြီ ၁၃ရက်နေ့ (သင်္ကြန်ကြိုနေ့)က နေရာကွက်ပြီးမိုးကြီးခဲ့ပါတယ်။ မိုးစရွာပြီးမိနစ်နည်းငယ်အကြာမှာပဲ မူဆယ်မြို့ပေါ်ရပ်ကွက်တွေထဲကလမ်းတွေပေါ်ကို အမှိုက်သရိုက်တွေ၊အညစ်အကြေးတွေ၊အဝတ်
စုတ်တွေနဲ့ အိမ်မွေး တိရစ္ဆာန်အသေကောင်တချို့ မျောပါလာခဲ့ပါတယ်။ နောက်ထပ်မိုးတွေ ရွာလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါပြီ။



