back

မန္တလေးမြို့မှ ပြန်လည်ထွက်ခွာကြမည့် အိန္ဒိယတပ်မတော်မှ ဆေးကုသရေးအဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

Apr 15 • 5:14 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့မှ ပြန်လည်ထွက်ခွာကြမည့် အိန္ဒိယတပ်မတော်မှ ဆေးကုသရေးအဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

ဧပြီ ၁၄ ရက်နေ့ သတင်းအရ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးက...

ဧပြီ ၁၄ ရက်နေ့ သတင်းအရ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ထွက်ခွာကြမည့် Lt. Col. Jagneet Gill ဦးဆောင်သည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

news-view-count-icon

27