ဧပြီ ၁၄ ရက် ညနေ (၆) နာရီ စာရင်းအရ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူ၊ ပျောက်ဆုံးသူများနှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့(ဧပြီ ၁၄ ရက်) ညနေ ၆ နာရီအထိ မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းများအနေနဲ့ သေဆုံးသူစုစုပေါင်း ၃၇၀၆ ဦး၊ ဒဏ်ရာရသူစုစုပေါင်း ၅၀၂၇ ဦးနဲ့ ပျောက်ဆုံးသူစုစုပေါင်း ၁၃၀ ဦးရှိပါတယ်။ နိုင်ငံတော်အစိုးအရအနေနဲ့ မိသားစုများနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” ဟု တာဝန်ရှိသူမှ ပြောကြားသည်။နိုင်ငံတကာအကူအညီထောက်ပံ့မှုအနေနှင့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၃ ခေါက် ရောက်ရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးပစ္စည်း တန်ချိန် ၂၂၁၀ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ တန်ကျော် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ပြည်တွင်းတွင် ဧပြီ ၁၄ ရက်အထိ ငလျင်ဒဏ်ကြောင့် ကြောင့် သေဆုံးသူ စုစုပေါင်း ၃၇၀၆ ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၇ ဦးနှင့် ပျောက်ဆုံးသူ ၁၃၀ ဦးရှိ
Apr 15 • 5:07 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


