back

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သောငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းများကို ဂျပန်နိုင်ငံက အရေးပေါ် ကူညီထောက်ပံ့မှုပစ္စည်းများ ပေးအပ်မည်

Apr 15 • 4:17 AM

breaking-news

မြန်မာ

မန္တလေး

cover

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သောငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းများကို ဂျပန်နိုင်ငံက အရေးပေါ် ကူညီထောက်ပံ့မှုပစ္စည်းများ ပေးအပ်မည်

ဧပြီလ ၁၅ရက် သတင်း အရ မြန်မာနိုင်ငံ အလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရပြီး နေရပ်စွန့်ခွာကာ မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတ...

ဧပြီလ ၁၅ရက် သတင်း အရ မြန်မာနိုင်ငံ အလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရပြီး နေရပ်စွန့်ခွာကာ မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ ကယ်ဆယ်ရေးစခန်းများတွင် မတတ်သာ၍ပြောင်းရွှေ့နေထိုင်နေကြရသော မြန်မာပြည်သူ ပြည်သားများအတွက် သုံးရေသိုလှောင်ကန်များနှင့် အ‌ရေးပေါ်ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဂျပန်အစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်၊ လူ့ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးဆိုင်ရာပူးပေါင်းကူညီရေး စီမံကိန်းအရ ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့သည်။

news-view-count-icon

21