မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ရှိ စစ်ကိုင်းတောင်ရိုးပေါ်သို့ ရေပေးဝေလျက်ရှိသောမှတ်(၁)ရေစက်ရုံအား သီတဂူဆရာတော်ကြီးမှ ဧပြီ ၁၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးတော်မူခဲ့သည်။လက်ရှိအချိန်၌ ပျက်စီးသွားသည့် အမှတ်(၁)ရေ စက်ရုံမှ ရေပန့်(၂)လုံးအား ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ လာမည့်(၅)ရက်အတွင်း ပြန် လည်ကောင်းမွန်ပြီး စစ်ကိုင်းတောင်ရိုးပေါ်ရှိ အချို့နေရာများသို့ ရေအမြန်ဆုံးပို့လွှတ်နိုင်မည်ဟု စက်ရုံမှူးကလျှောက်ထားခဲ့သည်။
ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်း ထုံးဘိုရပ်ရှိ အမှတ်(၁)ရေစက်ရုံကို သီတဂူဆရာတော်ကြီးကြည့်ရှု၊ ရေအမြန်ဆုံးပို့လွှတ်နိုင်ရန်စီစဥ်နေ
Apr 15 • 3:45 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


