ဧပြီလ ၁၄ရက် သတင်း အရ ရန်ကုန်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်လ သုံးလအတွင်း ငွေကျပ် ၁၃၂.၂၈ ဘီလီယံကျော် တန် ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ရန်ကုန်မှာ ပြီးခဲ့သည့် သုံးလအတွင်းတွင် ရွှေပြည်သာ၊မရမ်းကုန်း၊လှိုင်၊မင်္ဂလာဒုံ၊ဒေါပုံ၊အင်းစိန်၊လှည်း ကူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)အစရှိသည့် မြို့နယ်များတွင် ငွေကျပ် ဘီလီယံတစ်ရာကျော် တန်ဖိုးရှိသည့် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။



