back

ပြည်တွင်း၌ မဟာနှစ်ကူးသင်္ကြန်ပိတ်ရက် အတွက် ကားလက်မှတ်အခက်အခဲကြောင့် နေရပ်ပြန်ချင်သူတွေ မပြန်ဖြစ်ခဲ့

Apr 14 • 7:40 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ မဟာနှစ်ကူးသင်္ကြန်ပိတ်ရက် အတွက် ကားလက်မှတ်အခက်အခဲကြောင့် နေရပ်ပြန်ချင်သူတွေ မပြန်ဖြစ်ခဲ့

သင်္ကြန်ရုံးပိတ်ရက်တွင် နေရပ်ပြန်သူများမှာ ကားလက်မှတ်အခက်အခဲကြောင့် နေရပ်မပြန်ဖြစ်သူများရှိခဲ့ကြောင်း သိရကာယခုနှစ်တွင် သင်္ကြန်အကြိုနေ့မတိုင်ခင် ၁၂ ရက်မှသာ ပိတ်...

သင်္ကြန်ရုံးပိတ်ရက်တွင် နေရပ်ပြန်သူများမှာ ကားလက်မှတ်အခက်အခဲကြောင့် နေရပ်မပြန်ဖြစ်သူများရှိခဲ့ကြောင်း သိရကာယခုနှစ်တွင် သင်္ကြန်အကြိုနေ့မတိုင်ခင် ၁၂ ရက်မှသာ ပိတ်ရက်စသဖြင့် နေရပ်ပြန်သူများအတွက် အချိန် ကပ်ပြန်ကြရသလိုဖြစ်ကာ လက်မှတ်ဝယ်ယူရန် အခက်အခဲများ ကြုံခဲရခြင်းဖြစ်သည်။ “ပိတ်ရက်နယ်ပြန်မလို့ ကားလက်မှတ်ဖြတ်မလို့ ကားဂိတ်လှမ်းမေးကြည့်တာ ၊ ရက်ကပ်မရဘူး။ ၉ ရက် နေ့ထိပဲရတော့မယ်တဲ့ ၊ ကိုယ်တွေပိတ်တာက ၁၂ ရက်နေ့မှပိတ်တာ ဘယ်လိုမှအဆင်မပြေဘူး ၊ဒီလိုကာလမျိုး တွေမှာ ဂိတ်ရင်းတွေက အရောင်းကိုယ်စားလှယ်တွေကို ရောင်းချခွင့်မပေးတာက အစဉ်လာလိုဖြစ်နေပြီ ”ဟု အထည်ချုပ်သမတစ်ဦးကဆိုပါတယ်။သင်္ကြန်ကာလတွင်း အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေး ကားဂိတ်များကနေ ပိတ်ရက်မရှိ ပြေးဆွဲ ပေးသည့် ယာဉ်လိုင်းအချို့ရှိသော်လည်း ရပ်နားထားသည့် ယာဉ်လိုင်းများလည်းရှိနေပြီး သင်္ကြန်ကာလ အပြန်ခရီးတွင် ယာဉ်လိုင်းများအနေဖြင့် ခါလီပြန်တက်လာရခြင်းကြောင့် မော်တော်ကားခစျေး နှုန်းများသည် ထက်ဝက်နီးပါး မြင့်တက်လာမှုများလည်း ရှိနေပါတယ်။



news-view-count-icon

24