back

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့စံချိန်မီရပ်ကွက်ရှိ နေအိမ်လိုင်းခန်းအတွင်းမှ WY စိတ်ကြွရူး သွပ်ဆေး ပြား(၂၇၅၀)ပြား ဖမ်းမိခဲ့

Apr 14 • 6:38 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့စံချိန်မီရပ်ကွက်ရှိ နေအိမ်လိုင်းခန်းအတွင်းမှ WY စိတ်ကြွရူး သွပ်ဆေး ပြား(၂၇၅၀)ပြား ဖမ်းမိခဲ့

ဧပြီ လ ၁၄ ရက်(ယနေ့) နံနက် ၄ နာရီခွဲ အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့စံချိန်မီရပ်ကွက်ရှိ နေအိမ်လိုင်းခန်းအတွင်းမှ WY စိတ်ကြွရူး သ...

ဧပြီ လ ၁၄ ရက်(ယနေ့) နံနက် ၄ နာရီခွဲ အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့စံချိန်မီရပ်ကွက်ရှိ နေအိမ်လိုင်းခန်းအတွင်းမှ WY စိတ်ကြွရူး သွပ်ဆေး ပြား(၂၇၅၀)ပြား ဖမ်းမိခဲ့သလိုဖြစ်စဥ်မှာ ဌေးအောင်(ခ)ခန်းချိ (၂၇)နှစ် (ဘ)ဦးလောဖူနှင့် ပွင့်ဖြူမြင့်(၄ဝ)နှစ်(ဘ)ဦးအုန်းမြင့်တို့ ငှားရမ်းနေ ထိုင်သည့် နေအိမ်လိုင်းခန်း၌ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက ဝင်ရောက်ရှာ ဖွေခဲ့ရာ ဌေးအောင် (ခ) ခန်းချိနှင့် ပွင့်ဖြူမြင့်တို့၏အိပ်ယာဘေးရှိ ကြွတ်ကြွတ် အိတ်အဖြူရောင်အိတ်အတွင်း WY စိတ်ကြွရူးသွပ်ဆေးပြားများထည့်ထားသည့်အိတ် (၁၄)အိတ် အပြားရေ စုစုပေါင်း (၂၆၉ဝ) ပြား၊ မိန်းမကိုင်လက်ကိုင်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးလျှက် လိမ္မော်ရောင် WY စိတ်ကြွရူး သွပ်ဆေး ပြား (၆၀)ပြား စုစုပေါင်း WYစာတမ်းပါစိတ် ကြွရူး သွပ်ဆေးပြား (၂၇၅ဝ) ပြား၊နှင့်ငွေစက္ကူ ရောရာ (၁၂၅ဝဝဝဝိ/-ကျပ်)(တစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ်) WY စိတ်ကြွရူးသွပ် ဆေးပြားများသုံးစွဲ/ထုပ်ပိုးရာတွင် အသုံးပြုသည့် ရောင်စုံအအေးပိုက် (၉၀) ခု WY စိတ်ကြွရူးသွပ် ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် MAX စာတမ်းပါအစိမ်းရောင်ဗူးနှင့် ပန်းရောင်ပိုက်တပ်လျှက် အချိုရည်ဗူးခွံ (၁)ခုနှင့် ခရမ်းရောင်ဂက်စ်မီးခြစ် (၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းခဲ့ပြီး WY စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ ဌေးအောင်(ခ)ခန်းချိနှင့် ပွင့်ဖြူမြင့် တို့ (၂)ဦးအား ကျောက်တန်းမြို့မရဲစခန်းတွင် မယ (ပ)၁/ ၂၀၂၅၊ပုဒ်မ-မူး/စိတ်ဥပဒေပုဒ်မ ၁၉ (က) /၂၀(က)/၂၁ အရအမှုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ်။



news-view-count-icon

23