back

မန္တလေးရှိ မဟာမုနိဘုရားကြီးကို နှစ်ဆန်းတစ်ရက်နေ့တွင်LED Screen နဲ့ အများပြည်သူဖူးမြော်နိုင်အောင် ပြသထားမည်

Apr 14 • 5:29 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးရှိ မဟာမုနိဘုရားကြီးကို နှစ်ဆန်းတစ်ရက်နေ့တွင်LED Screen နဲ့ အများပြည်သူဖူးမြော်နိုင်အောင် ပြသထားမည်

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ၁၇ရက်မှာ အများပြည်သူကို ပြန်လည်ဖူးမြော်ခွင့်ပြုမှာဖြစ်တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့ကနေ...

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ၁၇ရက်မှာ အများပြည်သူကို ပြန်လည်ဖူးမြော်ခွင့်ပြုမှာဖြစ်တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့ကနေ သိရပါတယ်။မန္တလေးငလျင်ကြီးဒဏ်ကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ မကိုဋ်တော် အနည်းငယ်တိမ်းစောင်းသွားမှုကို ဧပြီလ ၁၂ ရက်က တည့်မတ်ပြင်ဆင်ပြီးဖြစ်ရာ ငလျင်ဒဏ်ကြောင့် ဘုရားပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံတွေ ထိခိုက် ပျက်စီးမှု ရှိခဲ့တာကြောင့် ရုပ်ရှင်တော်မြတ်ကြီးကို အနီးကပ်ဖူးမြော်ခွင့်ရမှာ မဟုတ်ဘဲ သင့်လျော်တဲ့နေရာမှာ LED Screen နဲ့ အများပြည်သူဖူးမြော်နိုင်အောင် ပြသထားမှာဖြစ်ပါတယ်။ရုပ်ရှင်တော်မြတ်ကြီးရဲ့ မကိုဋ်တော်ကို ပြန်လည်ပြင်ဆင်ရာမှာ ဩဝါဒါစရိယဆရာတော်တွေ၊ မြန်မာမှု ပညာရှင်တွေ၊ ပန်းတိမ်ပညာရှင်တွေစသဖြင့် တာဝန်ရှိသူတွေ စုံလင်စွာကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင် ခဲ့တာဖြစ်သလို ရုပ်ရှင်တော်မြတ်ကြီးကိုလည်း မျက်နှာတော်သစ်တာနဲ့ သန့်ရှင်းမှုအားလုံး ဆောင်ရွက်ပြီးစီး သွားပြီ ဖြစ်တာကြောင့် မူလအတိုင်း ပြန်လည်ဖူးမြော်နိုင်မှာဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ပရဝုဏ်အတွင်းက သာသနိကအဆောက်အအုံတွေကိုလည်း ဩဝါဒါစရိယ ဆရာတော်တွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှု၊ ရှေဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြန်မာမှု ပညာရှင်တွေ၊ ပန်းတိမ်ပညာရှင်တွေနဲ့အတူ ဘုရားကြီးဂေါပကအဖွဲ့တို့ပူးပေါင်းပြီး ပြုပြင်သွားမှာ ဖြစ်ပါတယ်။


news-view-count-icon

35