back

ပြည်တွင်းငလျင်အပြီး မြန်မာကျောင်းသားတွေကို ငွေကြေးထောက်ပံ့ဖို့ တောင်ကိုရီးယား ဂါချောင်တက္ကသိုလ် စီစဉ်နေ

Apr 14 • 4:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြည်တွင်းငလျင်အပြီး မြန်မာကျောင်းသားတွေကို ငွေကြေးထောက်ပံ့ဖို့ တောင်ကိုရီးယား ဂါချောင်တက္ကသိုလ် စီစဉ်နေ

ပြည်တွင်းငလျင်အပြီး မြန်မာ ကျောင်းသူကျောင်းသားတွေကို ငွေကြေး ထောက်ပံ့သွားမယ်လို့ တောင်ကိုရီးယား တက္ကသိုလ် တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။မြန်မာ ကျောင်းသူကျောင်းသား ၆၁၉...

ပြည်တွင်းငလျင်အပြီး မြန်မာ ကျောင်းသူကျောင်းသားတွေကို ငွေကြေး ထောက်ပံ့သွားမယ်လို့ တောင်ကိုရီးယား တက္ကသိုလ် တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။မြန်မာ ကျောင်းသူကျောင်းသား ၆၁၉ ဦးအတွက် တစ်ယောက်ကို ဝမ် ၂ သိန်းစီ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၀ ဝန်းကျင်ကို တစ်ကြိမ်တည်း အပြီးအပြတ် ထုတ်ပေးသွားမယ်လို့ ဂါချောင် တက္ကသိုလ်က ဧပြီလ ၁၄ ရက်ယနေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီငွေကြေးဟာ ငလျင်ဘေးသင့် နိုင်ငံကနေ ကျောင်းလာတက်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် အထိုက်အလျောက် အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ကြောင်း တက္ကသိုလ် ဘုတ်အဖွဲ့က ပြောခဲ့ပါတယ်။တက္ကသိုလ် အနေနဲ့ မြန်မာကျောင်းသားတွေကို ကူညီဖို့ ဝမ် ၁၂၃ သန်း ဘတ်ဂျတ်လျာထားကာ လက်ရှိတွင် မြန်မာတက္ကသိုလ် ကျောင်းသူကျောင်းသား ၃၆၇ ဦးဟာ ကိုရီးယား ဘာသာ ပညာရေး စင်တာမှာ တက်ရောက်နေပြီး ၂၂၅ ယောက်ကတော့ ဘွဲ့ကြိုသင်တန်းတွေမှာ၊ ၂၇ ဦးကတော့ ဝိဇ္ဇာသိပ္ပံဘွဲ့ သင်တန်းတွေမှာ တက်ရောက်နေကြတယ်လို့ တက္ကသိုလ်က ထုတ်ပြန်ပါတယ်။


news-view-count-icon

23