back

ယခုနှစ်သင်္ကြန် ရေအခက်အခဲကြောင့် ရပ်ကွက်များတွင် ရေပက်သူများ ယခင်နှစ်များထက်နည်းပါးနေ

Apr 14 • 3:40 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယခုနှစ်သင်္ကြန် ရေအခက်အခဲကြောင့် ရပ်ကွက်များတွင် ရေပက်သူများ ယခင်နှစ်များထက်နည်းပါးနေ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ သင်္ကြန်ကာလအတွင်း လျှပ်စစ်မီးအလှည့်ကျရရှိခြင်းကြောင့် ရပ် ကွက်များတွင် ရေအခက်အခဲဖြစ်ကာ ရေပက်ကစားသူ ယခင်ထက် နည်းပါးနေကာသင...

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ သင်္ကြန်ကာလအတွင်း လျှပ်စစ်မီးအလှည့်ကျရရှိခြင်းကြောင့် ရပ် ကွက်များတွင် ရေအခက်အခဲဖြစ်ကာ ရေပက်ကစားသူ ယခင်ထက် နည်းပါးနေကာသင်္ကြန်တွင် စည်ကားလေ့ရှိသည့် ရန်ကုန်မြို့တွင် ယခုနှစ်များအတွင်း လျှပ်စစ်မီးပြတ် တောက်ခြင်း၊ရေ မလာခြင်းများကြောင့် ရပ်ကွက်များတွင်ပင် ယခင်ကလို ကလေးများရေကစားမှု သိပ်မရှိကြောင်း သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့တွင်းရှိ မြို့နယ်များကို လျှပ်စစ်မီးပေးမှုမှာ လေးနာရီ၊ ရှစ်နာရီပျက်ပုံစံ ဖြင့် လျှပ်စစ် ဓာတ်အား‌ ဖြန့်ဖြူးပေးနေပြီး ငလျင်လှုပ်ပြီးနောက် ယခင်ထက်လျှပ်စစ်မီးပေးမှု ပိုမိုလျော့လာကြောင်း သိရသလိုရန်ကုန်မြို့၌ ယခင်ကာလများတွင် လျှပ်စစ်မီးပုံမှန်မရသည့် ပြဿနာများရှိခဲ့ပေမယ့်လည်း ၂၀၂၁ ခုနှစ်နောက် ပိုင်း ကာလများတွင် ပြည်သူများအနေဖြင့် လျှပ်စစ်မီးရရှိမှုမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေကြ ကြောင်း သိရပါတယ်။





news-view-count-icon

27