back

ပြည်တွင်းတွင် နှစ်ကူးအတာသင်္ကြန် အကျနေ့မှာလည်း ရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင် မိုးရွာနိုင်ဟု မိုးဇလမှထုတ်ပြန်

Apr 14 • 3:31 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းတွင် နှစ်ကူးအတာသင်္ကြန် အကျနေ့မှာလည်း ရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင် မိုးရွာနိုင်ဟု မိုးဇလမှထုတ်ပြန်

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အကျနေ့မှာလည်း ရန်ကုန်၊မန္တလေး၊နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ မိုးရွာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတ...

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အကျနေ့မှာလည်း ရန်ကုန်၊မန္တလေး၊နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ မိုးရွာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ ယနေ့ညနေအထိ တိမ်အသင့်အတင့် ဖြစ်ထွန်းကာ မိုးထစ်ချုန်းပြီး နေရာကွက်ကျား မိုးရွာနိုင်သလို ရွာရန် ရာခိုင်နှုန်းအနေနဲ့ ၈၀ဖြစ်ကာမန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာလည်း ယနေ့ညနေအထိ တိမ်အသင့်အတင့် ဖြစ်ထွန်းကာ မိုးထစ်ချုန်းပြီး နေရာကွက်ကျား မိုးရွာနိုင်သလို ရွာရန် ရာခိုင်နှုန်းအနေနဲ့ ၈၀ဖြစ်ပြီးနေပြည်တော်နဲ့အနီးတစ်ဝိုက်မှာတော့ ယနေ့ညနေအထိ တိမ်အသင့်အတင့် ဖြစ်ထွန်းကာ မိုးထစ်ချုန်းပြီး နေရာကွက်ကျား မိုးရွာနိုင်သလို ရွာရန် ရာခိုင်နှုန်းအနေနဲ့ ၆၀ဖြစ်နေရာမန္တလေး၊နေပြည်တော်တို့ဟာ ငလျင်ကယ်ဆယ်ရေးတွေ ပြုလုပ်နေရဆဲမြို့ဖြစ်တာကြောင့် ကယ်ဆယ်ရေးတွေလည်း သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။



news-view-count-icon

20