ESL က ဦးစီးကျင်းပတဲ့ Snapdragon Pro Series ရဲ့ Year 3 ရာသီဟာ ဧပြီလ၁၃ရက်တွင် Mobile Masters 2025 နဲ့အတူ ပြီးစီးခဲ့ပြီဖြစ်ကာ၂၀၂၄ နှစ်လယ်ပိုင်းကနေ အခု ဧပြီလအထိရှည်ကြာခဲ့တဲ့ Year 3 အတွင်းမှာ Snapdragon Pro Series ဟာ အရင်ထက်ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။Season 5 ပြီးသွားတဲ့အခါ SPS Season 6 ရဲ့ Open Finals အဆင့်ကို မနှစ်က ၁၁ လပိုင်းမှာ ပြန်လည်စတင်ခဲ့ပါတယ်။SPS Season 6 Open Finals မှာတော့ မြန်မာအသင်းတွေအဖြစ် MythicSEAL နဲ့ AI Esports တို့က ပါဝင်ခွင့်ရခဲ့ကြပြီး AI Esports က Challenge Season ကို ဆက်လက်တက်လှမ်းနိုင်ခဲ့ပါတယ်။Challenge Season ကတစ်ဆင့် Challenge Finals ကို တက်နိုင်ခဲ့ကြတဲ့အသင်းတွေကတော့ ….
ONIC PH 🇵🇭
RRQ Hoshi 🇮🇩
EVOS Holy 🇮🇩
BTR Alpha 🇮🇩
AURORA Gaming 🇵🇭
Team Liquid ID 🇮🇩 တို့ ဖြစ်ကြပြီး
SPS Season 6 : Challenge Finals မှာတော့ ONIC PH 🇵🇭 က ဗိုလ်စွဲခဲ့ပါတယ်။