မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက် ခရီးသွားအငှားကားဈေးကွက်မှာ ရန်ကုန်မြို့တွင်း ခေါက်တို ငှားရမ်းမှုများကိုသာ အားထားပြီး လုပ်ငန်းလည်ပတ်နေရတယ်လို့ ပုဂ္ဂလိကခရီးသွားကားငှားရမ်းလုပ်ကိုင်သူအချို့ထံမှ သိရပါတယ်။အဓိကအားဖြင့် မြို့တွင်းအပန်းဖြေနေရာများဖြစ်တဲ့ ကစားကွင်း၊ ပန်းခြံ၊ စားသောက်ဆိုင်၊ အပန်းဖြေစခန်းများကို သွားရောက်လည်ပတ်ဖို့ စသဖြင့် ခရီးတိုများအတွက် ကားစင်းလုံးငှားရမ်းမှုများ ရှိတာကြောင့် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းအထိတော့ လုပ်ငန်းလည်ပတ်မှုရှိနေကာ ခရီးရှည်ကားငှားရမ်းမှုအနေဖြင့် ရန်ကုန်မှ နယ်ပြန်မယ့်သူများ၊ ကမ်းခြေ ခရီးစဉ်အချို့အတွက် ငှားရမ်းသူများလည်းရှိပေမယ့် ယခင်နှစ်ကထက်တော့ လျော့နည်းကျဆင်းခဲ့ပါတယ်။
မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ကာလ မြို့တွင်းခေါက်တို ငှားရမ်းမှုများနဲ့သာ ကားအငှားလုပ်ငန်းလည်ပတ်နေရဟုဆို
Apr 14 • 2:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


