၁၃.၄.၂၀၂၅ ရက်နေ့၊ ၁၇နာရီ ၅၀မိနစ်အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူးရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ရမ်ပူရပ်ကွက်မှ အရန်မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၈ နာရီ၀၅မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့ပါတယ်။


