သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ရှိ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များနှင့် သာသနိကအဆောက်အအုံများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကျွမ်းကျင်အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များနှင့် ပူးပေါင်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဟု ညွှန်ကြားသည်။



