2025 ခုနှစ် သင်္ကြန်ကာလအတွင်း ရေပက်ခံထွက်သူဦးရေ လျှော့နည်းမှုနှင့် စျေးနှုန်းတက်မှုတို့ကြောင့် ဟိုက်ဂျက်နှင့် လိုက်ထရပ်များ ငှားရမ်းမှု များအလွန်နည်းပါးနေကြောင်း ကားအငှားလုပ်ငန်းရှင်များက ပြောကြားသည်။ ယခင်နှစ်များကလို မိတ်ဆွေများ စုပြီး ငှားရမ်းခြင်းမရှိတော့ဘဲ၊ ခရီးထွက်ရန်အတွက် သာမန်ငှားမှုအနည်းငယ်သာကျန်ရှိနေသည်ဟု သိရသည်။



