ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးရှိ ဧရာဝတီမြစ်ပေါ်အင်းဝတံတားဟောင်း ရထားလမ်းအား အိန္ဒိယနိုင်ငံမှ ဘေးအန္တရာယ်ကင်းရေးအင်ဂျင်နီယာအဖွဲ့က မြန်မာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။ ထို့အပြင် အဖွဲ့သည် ငလျင်ဒဏ်ခံရသည့်နေရာ ၁၂ ခုတွင်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ နေပြည်တော်ဆေးရုံကြီး၌ အိန္ဒိယဆရာဝန်များက လူနာ ၇၀ ကိုကုသခြင်းနှင့် မန္တလေးတွင် ယာယီဆေးရုံတစ်ခု တည်ဆောက်ကာ ကူညီကုသမှုများ ဆောင်ရွက်နေကြောင်း သိရသည်။



