၂၀၂၅ ခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း ငါးကြင်းနှင့် ငါးမြစ်ချင်းတို့အတွက် အရောင်းအဝယ်သွက်ကာ ဈေးနှုန်းများတက်လာသည်။ ငါးကြင်းတစ်ကောင်ဈေးနှုန်းသည် ၁၀,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိရှိကာ၊ ခုတ်သားဈေးနှုန်းမှာ တစ်ဆယ်သား ၁,၈၀၀ ကျပ်မှ ၂,၀၀၀ ကျပ်အထိရှိသည်။ ငါးမြစ်ချင်းဈေးနှုန်းမှာလည်း တစ်ကောင် ၆,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်အထိတက်လာပြီး တစ်ဆယ်သားဈေးနှုန်းမှာ ၁,၃၀၀ ကျပ်မှ ၁,၅၀၀ ကျပ်အထိရှိနေသည်။ သင်္ကြန်အတွင်း အလှူအတန်းများနှင့်အိမ်သုံးအသုံးများ တိုးလာမှုကြောင့် ဈေးကွက် ပိုမိုသက်တက်လာကြောင်း သိရသည်။



