တရုတ်နိုင်ငံအိမ်စီးကားအသင်း CPCA ထုတ်ပြန်ချက်အရ၊ ၂၀၂၅ မတ်လအတွင်း တရုတ်နိုင်ငံတွင် အိမ်စီးကား ၁.၉၄ သန်းခန့် ရောင်းချခဲ့ကြောင်းသိရသည်။ကားအမျိုးအစားအလိုက်အားဖြင့် ဆီဒင်နှင့် ဟက်ခ်ျဘက် မော်ဒယ်များက အရောင်းအများဆုံးဖြစ်ခဲ့သည်။စွမ်းအင်သစ်သုံးကားများအနေနှင့် အစီးရေ ၁၀ သိန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး၊ ထို့အပြင် ၁၄၃,၀၀၀ စီးကို ပြည်ပသို့ တင်ပို့ခဲ့သည်။တရုတ်အမှတ်တံဆိပ်အိမ်စီးကားများ ၁.၂၂ သန်း ရောင်းချခဲ့ပြီး ပြည်ပအမှတ်တံဆိပ်နှင့် ဖက်စပ်လုပ်ကိုင်သည့် ကားများ ၄၈၀,၀၀၀ ဝန်းကျင်ရောင်းချခဲ့ကြောင်း၊ ဖက်စပ်လုပ်ငန်းများ၏ ရောင်းအားမှာ တလကိုတလ လျော့နည်းလာခြင်းတွေ့ရသည်။
၂၀၂၅ မတ်လအတွင်း တရုတ်အိမ်စီးကား ရောင်းအား ၁.၉၄ သန်းရောက် ရှိပြီး စွမ်းအင်သစ်ကား ၁၀ သိန်းခန့်ဖြင့် တိုးတက်
Apr 13 • 2:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
10 | 0 | 0 | 0 |