“Coachella Performer LALISA” ဟု ခေါ်ဝေါ်ခံရသည့် BLACKPINK မှ Lisa သည် သူမ၏ solo stage တွင် production မှစ၍ outfit၊ performance တစ်ခုချင်းစီအထိ ဘယ်အချက်မှာမှ လျော့မထားဘဲ အပြည့်အစုံနဲ့ ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဖက်ရှင်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ သရုပ်ဆောင်မှုအပြည့်အစုံဖြင့် Stage ပေါ်ကို ပိုင်ဆိုင်လာသည့် Lisa ၏ပွဲတင်ဖျော်ဖြေပုံမှာ တကယ်တန်ဖိုးရှိသော ဇာတ်ဝင်ခန်းတစ်ခုဖြစ်လာခဲ့သည်။




