ဧပြီ ၉ ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က တရုတ်မှ တင်သွင်းသော ကုန်စည်အားလုံးအပေါ် အကောက်ခွန်ကို ၁၄၅% အထိ တိုးမြှင့်သည်ကို တုန့်ပြန်ကာ တရုတ်အစိုးရကလည်း အမေရိကန်ကုန်စည်အားလုံးအပေါ် ၁၂၅% သို့ တိုးမြှင့်ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် သောကြာနေ့တွင် U.S. CBP က ထရမ့်၏ အကောက်ခွန်မှ ကင်းလွတ်ခွင့်စာရင်းထဲတွင် စမတ်ဖုန်း၊ ကွန်ပျူတာ၊ display နှင့် memory chip စသည်တို့ ပါဝင်ကြောင်းထုတ်ပြန်ခဲ့သည်။ ၎င်းသည် တရုတ်တွင် ထုတ်လုပ်ပြီး အမေရိကန်သို့ တင်သွင်းရောင်းချသော Apple နှင့် Dell တို့အတွက် သက်သာမှုဖြစ်လာစေနိုင်သည်။



