ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA AVIJAN (F-29) သည် ဧပြီ ၁၁ ရက်တွင် ရန်ကုန်သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာခဲ့သည်။ ဤကယ်ဆယ်ရေးပစ္စည်းများသည် စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်တဲ၊ အဝတ်အစား၊ သောက်ရေသန့်နှင့် ဆေးဝါးများ စုစုပေါင်းတန်ချိန် ၁၂၀ တန်ရှိပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။



