ဂျာမန်ဝါရင့် တိုက်စစ်ကစားသမား သောမတ်စ်မူလာ ဟာ ယခုရာသီကုန်မှာ အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုကြေညာ ခဲ့ပါတယ်။ ၁၀ နှစ်သားအရွယ်ကတည်း က ဘိုင်ယန်မြူးနစ်အသင်းသို့ ရောက်ရှိနေခဲ့တဲ့ မူလာ အနေနဲ့ ကလပ်အသင်းနဲ့ ၂၅ နှစ်ကြာ လက်တွဲခဲ့မှုကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ သောမတ်စ်မူလာ ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၇၄၃ ပွဲကစားခဲ့ပြီး ၂၄၇ ဂိုးသွင်းယူနိုင်ခဲ့ကာ ကလပ်သမိုင်းတွင် တတိယဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။



