စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်တစ်ခုလုံး က မြို့နယ်တွေမှာ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စပြီး ဧပြီ ၁၂ နေ့ညနေပိုင်းအထိ ဖုန်းလိုင်းတွေပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖုန်းအောပရေတာလိုင်းအားလုံးအပြင် ဖိုင်ဘာ အင်တာနက်လိုင်းတွေပါပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဖုန်းလိုင်းဖြတ်ထားခံရတာကြောင့် အဆက်အသွယ် အခက်အခဲ ဖြစ်နေသလို ငွေသွင်းငွေထုတ်ပြုလုပ်ဖို့ မလွယ်ကူတော့ဘူးလို ဆိုပါတယ်။



