“ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ၊ မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားနိုင်ကာ နောက် ၁၂နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်းအားလျော့သွားနိုင်ပြီး ယင်း လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့နံနက်မှ ၁၁ရက်နေ့အတွင်း မြန်မာနိုင်ငံ အနှံအပြားတွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်သည် ၊၁၂ ရက်နေ့မှ ၁၇ရက်နေ့အတွင်း မြန်မာနိုင်ငံ အနှံအပြားတွင် နေရာစိပ်စိပ်မှ မိုးထစ်ချုန်းရွာခြင်း အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးခြင်းများဖြစ်နိုင်ပါသည် ။



