back

လွိင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော်ယာဉ်၁စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ငွေကြေးများယူဆောင်သွား

Apr 12 • 5:01 PM

breaking-news

မြန်မာ

ရှမ်း

cover

လွိင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော်ယာဉ်၁စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ငွေကြေးများယူဆောင်သွား

လွိင်ကော်မြို့နယ်၊ လွိင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော်ယာဉ် ၁ စီးကိုအကြမ်းဖက် သမား များက လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ငွေကြေးများယူဆောင်သွားမှု ယ...

လွိင်ကော်မြို့နယ်၊ လွိင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော်ယာဉ် ၁ စီးကိုအကြမ်းဖက် သမား များက လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ငွေကြေးများယူဆောင်သွားမှု ယနေ့ ဧပြီလ ၁၂ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။လွိင်ကော်မြို့နယ်၊ ခေါဥခူရပ်ကွက်နေ ဦးအတင့် နှင့် ဇနီးဖြစ်သူတို့ ကုန်ပစ္စည်း များဝယ်ယူရန် လွိင်ကော်မြို့မှ တောင်ကြီးမြို့သို့ မော် တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကျောက်ကြီး (မြောက်)ကျေးရွာနှင့် ကုန်းဆွယ်ကျေးရွာ အကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်း ကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးအတင့် တွင် လက် နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများက မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်ပါ ငွေကျပ် သိန်း ၁၃၀ ခန့်ကိုယူဆောင်သွားခဲ့ကြောင်း သိရသည်။ .



news-view-count-icon

24