စစ်ကိုင်းတောင်ရိုးအနောက်ဘက်ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ နေအိမ်များ၏ ၈၀ ရာခိုင်နှုန်းဟာ ထိခိုက်ပျက်စီးခဲ့သည်ဟုဒေသခံများက ဆိုသည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် အချိန်မှီ မကူညီမကယ်ဆယ်နိုင်ခဲ့သလို သတင်းအချက်အလက်ရရှိမှုများလည်း နောက်ကျခဲ့သည်ဟု ဒေသခံများကဆိုသည်။ ဒါ့အပြင် စစ်ကိုင်းမြို့နယ်အတွင်းမှာ မြို့ပေါ်ရှိ စေတီပုထိုးအကုန်နီးပါး ၊ စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင် ၊ မင်းကွန်းဒေသရှိ နာမည်ကျော်သည့် သမိုင်းဝင် ပုထိုးတော်ကြီး၊ မြသိန်းတန် ဘုရားများ ပြိုကျပျက်စီးခဲ့သည်။



