အာဆင်နယ်အသင်းသည် ဆယ်ကျော်သက်ကစားသမားနှစ်ဦးဖြစ်သည့် စကယ်လီနှင့် နွမ်နယ်ရီတို့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။ အဆိုပါကစားသမားနှစ်ဦးမှာ အာဆင်နယ်အသင်း၏ ငယ်မွေးခြံ ပေါက်ကစားသမားများဖြစ်ပြီး နွမ်နယ်ရီမှာ အာဆင်နယ် အသင်း၏ အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ နောက်ခံလူ စကယ်လီက ပထမကစားသမားအဖြစ် ပိုမိုနေရာရရှိနေသည်။ အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အဆိုပါကစားသမားနှစ်ဦးစလုံးကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။



