ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းတွင် ဧပြီလ ၁၂ ရက် စနေနေ့ သင်္ကြန်ပွဲတော်အတွင်း ခရီးသွားဧည့်သည်များဖြင့် ရေကစားနေကြပြီး စည်ကားနေသည်။ ခေါင်ဆန်လမ်းသည် ဘန်ကောက်၏ သတ်မှတ်ထားသော ရေပက်သည့်နေရာ ၁၂ ခုအနက်မှ တစ်ခုဖြစ်ပြီး ရေပန်းအစားဆုံးဖြစ်သည်။ အခြားနေရာများမှာ Sanam Luang၊ Ratchadamnoen Road၊ Silom Road၊ Siam Square၊ Asiatique၊ Samyan၊ CentralWorld၊ ICONSIAM၊ Bangkok City Hall Plaza၊ Siam Park၊ Chang Chui နှင့် Banthat Thong တို့ဖြစ်သည်။



