ထိုင်းနိုင်ငံ၊ ဘူရီရမ်ပြည်နယ် နန်ရွန်ခရိုင် ပရာခွန်ချိုင်နှင့် နန်ရွန်ခရိုင်ကြား အဝေးပြေးလမ်းမကြီး 24 Chokchai-Det Udom တွင် ဧပြီလ ၁၂ ရက် စနေနေ့ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယာဉ်မောင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယာဉ်မောင်းနေစဉ် အိပ်ငေိုက်ခဲ့သဖြင့် မော်တော်ယာဉ်သည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ အလယ်အလတ်လမ်းပိုင်းသို့ ပြုတ်ကျခဲ့သည်။ အသက် ၅၃ နှစ်အရွယ် ယောက္ခမဖြစ်သူသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။ နောက်ခုံမှာထိုင်နေတဲ့ ဇနီးနှင့် (၆)လသားအရွယ် သားလေး ဖြစ်သူကတော့ ထိခိုက်ဒဏ်ရာမရှိခဲ့ပါဘူး။



