စစ်ကိုင်းပြတ်ရွေ့ကြောဖြတ်သန်းသွားရာ ရေခါးအင်းရွာတစ်လျောက် ငလျင်ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းတိုင်းတာခဲ့ရာပြတ်ရွေ့ကြောနား ၅ ပေလောက်မြေလွှာနိမ့်ဆင်းသွားပြီးနောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လာနေတာမို့ သတိပြုသွားလာနေထိုင်ကြရန်နှင့်အခုပြတ်ရွေ့ကြောဖြတ်သွားတဲ့ မင်းဝံတောင်အရှေ့တစ်ကြောက ကျောက်တာရွာအနီး နေထိုင်သူများ မိုးရွာရင် မြေပြိုမှုသတိပြုရန်လိုအပ်ကြောင်း သိရပါသည်။



