back

မင်္ဂလာတောင်ညွှန့်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်များလဲကျ

Apr 12 • 12:50 PM

breaking-news

မြန်မာ

ရန်ကုန်

cover

မင်္ဂလာတောင်ညွှန့်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်များလဲကျ

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ ဧပြီ ၁၂ ရက်ကမင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ၁၀၅ လမ်း၊ မီးရထားဝင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညနေ ၅ နာရီ ၁၇ မိ...

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ ဧပြီ ၁၂ ရက်ကမင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ၁၀၅ လမ်း၊ မီးရထားဝင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညနေ ၅ နာရီ ၁၇ မိနစ်ခန့်က သစ်ပင်လဲကျခဲ့သဖြင့် မင်္ဂလာတောင်ညွှန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ညနေ ၅ နာရီ ၇ မိနစ်ခန့်ကလည်း ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်း၊ စံပြရန်ကင်းဈေးအနောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ကာအမြစ်လှန်ပြီး သစ်ပင်လဲကျခဲ့သဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၃၃ မိနစ်တွင်ပြီးစီးခဲ့ကြောင်း သိရသည်။ထို့အတူ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်ကလည်း ရန် ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ ကျခဲ့သဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


news-view-count-icon

22