ရန်ကုန်မြို့ပါတ်ရထားများအားလုံး၊ရန်ကုန်-ပဲခူး(DEMU)၊ရန်ကုန်-ပြည်(အမှတ်၇၁အဆန်/၇၂အစုန်)၊ရန်ကုန်-မန္တလေး(အမှတ်၁အဆန်/၂အစုန်)၊ရန်ကုန်-နေပြည်တော်(အမှတ်၇အဆန်/၈အစုန်)DEMU၊နေပြည်တော်-မန္တလေး(အမှတ်၂၇အဆန်/၂၈အစုန်)၊သာစည်-ရွှေညောင်(အမှတ်၁၄၁အဆန်/၁၄၂အစုန်)၊ရန်ကုန်-ပုဂံ(အမှတ်၆၁အဆန်/၆၂အစုန်)ရထားများ ယာယီပြေးဆွဲမှု ရပ်နားထားမည်ဖြစ်သည်။ရန်ကုန်မန္တလေး(အမှတ်၁၁အဆန်/၁၂အစုန်)အမြန်ရထား၊ရန်ကုန်-မော်လမြိုင်(အမှတ်၈၁အဆန်/၈၂အစုန်)၊ကြည့်မြင်တိုင်-ပြည်(အမှတ်၆၃အဆန်/၆၄အစုန်)ရထားများ သင်္ကြန်ကာလအတွင်း ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။



