ထားဝယ်မြို့ အိမ်ဆောက်ပစ္စည်း စျေးကွက်အတွင်း၌ ဘိလပ်မြေစျေး အနည်းငယ်တက်နေပြီး စျေးမငြိမ်သဖြင့် ဆိုင်အချို့အရောင်းရပ်ထားကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများထံမှသိရသည်။ငလျင်မလှုပ်ခတ်မီ ထားဝယ်စျေးကွက်တွင် ကြံနှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၃၂၀၀၀ ကျပ် စျေးနှုန်းရှိရာမှ ယခုလက်ရှိတွင် ၃၈၀၀၀ ကျပ် စျေးရှိကြောင်း ထားဝယ်မြို့ က ဆောက်လုပ်ရေးသုံးပစ္စည်း ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည် ။ကော့သောင်းမြို့တွင်လည်း ဘိလပ်မြေကို ရေလမ်းမှတင်သွင်းနေပြီး ဆင်တံဆိပ် ဘိလပ်မြေ တစ်အိတ်လျှင် ထိုင်းဘတ်ငွေ ၁၅၀ ဝန်းကျင်ဖြင့် ဝယ်ယူရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေသူများထံမှသိရသည်။



