back

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

Apr 12 • 11:27 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်န...

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုကိုဂုဏ်ပြုသည့်အနေဖြင့် သနပ်ခါးလိမ်းသည့်သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။




news-view-count-icon

14